Monday, March 17, 2008

May Sweet is Alive

မေဆွိသေဆုံးသည်ဆိုသောသတင်းမှားကြောင်းမိသားစုဝင်တစ်ဦးပြောကြား
အဆိုတော်မေဆွိဧ။် မိသားစုဝင်များက မေဆွိနှင့်ပတ်သတ်သော သတင်းမှာ ကောလာဟလ သာဖြစ် ကြောင်းပြောဆိုလိုက်သည်။
မေဆွိနှင့်ယနေ့ နံနက်က တယ်လီဖုန်းပြောဖြစ်ကြောင်းနှင့်သူမကျန်းမာရေးကောင်းမွန်ပါသည် ဟု မိသားစုဝင်တစ်ဦးက ရန်ကုန်မှ မစ်ဇိမ သတင်းဌာနသို့ ပြောပြခဲ့သည်။
နိုင်ငံကျော်အဆိုတော်သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ တွင်ကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားခဲ့သည် ဆိုသော အင်တာနက်သတင်းစာမျက်နှာတစ်ခုမှာ ပြည်တွင်းပြည်ပ အင်တာနက်သုံးသူမြန်မာများ အကြားပျံ့ နှံ့ သွားခဲ့သည်။

Myanmar's famous singer and actress May Sweet died

10 hours ago


Photobucket

London, United Kingdom (AP) — Myanmar's famous actress and singer May Sweet died in head on collision car accident near M4 Motorway in London, United Kingdom. Details of the accident are sketchy at the moment, however, according to sources at West Ealing Hospital, Sweet was travelling with 3 other passengers in an old Ford Escort. The driver has been identified as Mr. Pauk Sa, a failed asylum seeker with no fixed address and have no driving license. The Ford Escort car, which Sweet and party were travelling was said not to be in a road worthy condition and that the car was travelling well above national speed limit.

Sweet body has been taken to West Ealing Hospital and a detail post morten will be carrying out on Monday evening to determine the cause of death. A spoke person from Myanmar community in United Kingdom said Sweet was in London for pre-gig reharsals for her upcoming Myanmar New Year festival concert with fellow Myanmar singer, Thein Dan.

မြန်မာအဆိုတော်မေဆွိတစ်ယောက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မှာ ကားတိုက်မှုဖြစ်ပြီး ကွယ်လွနသွားကြောင်း အင်တာနက်သတင်းမှာဖတ်လိုက်ရပါတယ်.။ သတင်းအရ.. မေဆွိနဲ့  အခြားလူသုံးယောက် စီးလာတဲ့ ဖိုဒ့်အက်စကော့ကားလေးဟာ လန်ဒန်မြို့  M4 ကားလမ်းမ ကြီးမှာယာဉ်တိုက်မှုဖြစ်ကြတယ်လို့ သိရပါတယ်။ ယာဉ်မောင်းဖြစ်သူ ကိုပေါက်စ ရဲ့နေ ရပ်လိပ် စာအတိအကျမသိရတဲ့အပြင် သူ ဟာ ယာဉ်မောင်းလိုင်စင်မရှိဘူးလို့ လည်းသိရပါတယ် ။ မေဆွိနဲ့ အဖွဲ့ ဟာ လန်ဒန်မှာရှိတဲ့မြန်မာပြည်သိန်းတန်ဆီမှာ မြန်မာ သင်္ကြန်အတွက်သီ ချင်းတိုက်ကြ ဖို့ လာရင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံ တွေ့ ခဲ့ရကြောင်းမေဆွိရဲ့ ရုပ်အလောင်းကိုတော့ West Ealing Hospital ကို သယ်ဆောင်သွားခဲ့ပြီး တနလာင်္နေ့ ညနေ မှာမေဆွိရဲ့သေဆုံးမှုကို အတည်ပြုကြောင်း လန်ဒန်မြို့ မြန်မာ အသိုင်းအ၀ိုင်း ကပြောကြားခဲ့ကြောင်းသိရပါတယ်။
အဆိုတော်စိုင်းထီးဆိုင်ရဲ့နာမည်ကြီးသီချင်းတွေကို ( ရင်ထဲကစိုင်းထီးဆိုင် ) အဖြစ် ပြန်လည် သီဆိုခဲ့တဲ့မေဆွိဟာ သူ့ ရဲ့ အနုပညာ အကိုတော်ကိုထီးရဲ့နောက်ကို လိုက်ပါသွားခဲ့ပါပြီ ။

Sunday, March 16, 2008

After You Demise ( Thin Thay Thwer Thaw )

Photobucket


Oh, This is a world of humans
Who would grow, age and die
It's the law of Karma and Man
Every one has to live and resign!

So, my friend, you have to die one day
You don't have anything to say
But, after your death, your native land
That fed you should be left in better hand.

Your mother tongue and literature
Should be improved greater and better.

Where you pay homage and share merit
That pretty pagoda should be lit
Its golden hue and honour
Shine shimmering in splendour!

written by .. Famous Poet ..Zaw Gyi.. ( 1936 )

Wednesday, March 5, 2008

Air Bagan Accident in PataO

Photobucket


Photobucket
Photobucket
ဟိုတလောက ကချင်ပြည်နယ် ပူတာအိုလေဆိပ်မှာပြေးလမ်းချော်ခဲ့တဲ့ Air Bagan လေယာဉ်ဖြစ်ပါတယ်။

Tuesday, March 4, 2008

လူငယ်နှင့်ရွေးကောက်ပွဲ..

Photobucket

လာမည့် မေလတွင် ကျနော်တို့  နိုင်ငံတစ်ဝန်းလုံးတွင် အမျိုးသားညီလာခံကြီးမှ ချမှတ်ခဲ့ သော ဖွဲ့ စည်းအုပ်ချုပ်ပုံဥပဒေမူကြမ်း ကို ပြည်သူများကြားတွင်ချပြပြီး ပြည်လုံးကျွတ် သဘောထား ခံယူပွဲကြီးကို ကျင်းပတော့မည့်အကြောင်းကိုအားလုံးသိပြီးသားဖြစ်သည်။ 2010 တွင် အထွေထွေရွေးကောက် ပွဲကြီး ကိုကျင်းပပြီး အရပ်သားအုပ်ချုပ်ရေးစနစ်သို့ ကူး ပြောင်းပေ တော့မည်။ မည်သည့်ပါတီတွေကပြည်သူတွေကိုမည်သို့ မဲဆွယ်ပြီး ပြည်သူတွေက မည်သည့်ပါတီကိုမဲပေးကြမည် ၊ မည်သည့်ပါတီကအနိုင်ရမည် ဆိုသည်ကို အကယ်ဒမီ ရွေးပွဲကြည့်သလို ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုကြရပေမည်။ ဒီနေရာတွင် တစ်ခုစဉ်းစားစရာရှိ လာသည်မှာ..လက်ရှိကျနော်တို့ နိုင်ငံတွင်ရွေးကောက်ပွဲ များနှင့်ပတ်သတ်ပြီးပြည်သူများဧ။် အတွေ့ အကြုံက နည်းပါးလွန်းနေသည်။ ရွေးကောက်ပွဲဆိုသည်ကို စာထဲတွင်သာဖတ်ဖူး ၊ သူ များပြောသံကြားဖူး ရုံလောက်သာဗဟုသုတရှိကြသူ တွေကအများစုဖြစ်သည်။ အထူးသဖြင့် မဲပေးနိုင်ခွင့်ရရှိသူ လူငယ်များဖြစ်သည်။ အသက် 18 နှစ်မှ 30 ကြားလူငယ်များအားလုံးလိုလို ပင် ရွေးကောက်ပွဲ ၊ မဲပေးခွင့်၊ မည်သည့်နိုင်ငံရေးပါတီကိုမဲပေးရမည် ၊ မည်သည့်နိုင်ငံရေးပါတီ က ပြည်သူအတွက်တစ်ကယ်လုပ်ဆောင်ပေးနိုင်မည် ၊ မည်သည့်နိုင်ငံရေးပါတီက ပြည်သူကို ညာနေ သည် …. စသည်တို့ ကိုဝေဖန်ပိုင်းခြားနိုင်ရန်အတွေ့ အကြုံ မရှိကြပေ။ လူငယ်ထုဧ။် မိဘများကိုကြည့်လျှင်လည်း 1950 နောက်ပိုင်းမှမွေးဖွားသူများသာအများစုဖြစ်ရာ ပါလီမန်ဒီမို ကရေစီစနစ်ကို ကိုယ်တွေ့ ကြုံဖူးသူ မရှိသလောက်ပင်။ လက်တွေ့ ရွေးကောက်ပွဲ ကို မဆို ထားနှင့် စာတွေ့ ဖြစ်သည့် Political Science ကိုပင်မသင်ခဲ့ဖူးပေ… တစ်ချို့ ဆိုလျှင်ကြား တောင်မကြားဘူးကြ။ နိုင်ငံရေးပါတီအသီးသီးကချမှတ်ထားသည့်နိုင်ငံရေးပေါ်လစီ ကိုလည်း ကောင်းမကောင်းဝေဖန်ပိုင်းခြားနိုင်မှုစွမ်းအားကနည်းပါးလွန်းလှသည်။ လက်ရှိတွင် လူငယ်ကြိုက်မဲဆွယ်နိုင်စွမ်းရှိသူ သာ မဲများများရမည့်သဘောဖြစ်နေသည်။
မြန်မာနိုင်ငံဧ။်နုနယ်လွန်းသည့်နိုင်ငံရေးသက်တမ်း အရ 2010တွင်ကျင်းပမည့်ရွေးကောက် ပွဲ သည် နိုင်ငံရေးအသိနုနယ်လွန်းသည့်မြန်မာလူငယ်များကို လူငယ်များအနေဖြင့် မိမိ နိုင်ငံအား မည်သည့်နိုင်ငံရေးပါတီဧ။်ပြေးလမ်းပေါ်သို့ တင်ပေးမည်ကို သွေးတိုးစမ်းတော့မည့်သဘော တွင်ရှိနေသည်။လူငယ်များမဲပေးမှားလျှင် မိမိတိုင်းပြည်က အနည်းဆုံးလေးနှစ်တော့နစ်နာမည် ဖြစ်သည်။
လူငယ်များကိုစာရေးသူသတိပေးချင်သည်မှာ.. ယခုအချိန်မှစပြီး နိုင်ငံရေးဗဟုသုတရနိုင်မည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုသင့်ပြီဖြစ်သည်။ နိုင်ငံတစ်ကာတွင်ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲများအနက်မှ မိမိနိုင်ငံနှင့်အခြေအနေတူညီသောနိုင်ငံများတွင်ဖြစ်ပေါ် ခဲ့သော နိုင်ငံရေးဖြစ်ရပ်များနှင့်ကျင်းပခဲ့သောရွေးကောက်ပွဲများကို ကြို တင်လေ့လာပြီး 2010အတွက် အသင့်ပြင်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း။

Monday, March 3, 2008

FEB 25 , That day .. I don't forget.

Mandalay Sky walk မှာလောင်တဲ့ မီးဘေးမှာ ဆိုင်ခန်းပိုင်ရှင် တော်တော်များများမီးအာမခံ မထားကြတဲ့ အတွက် နစ်နာဆုံးရှုံးမှုတွေများကြတယ်လို့ သိရပါတယ်။ ရန်ကုန်မှာတော့ လုပ်ငန်းရှင်အများစုက မီးအာမခံထာားကပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ.. အနည်းနဲ့ အများဆိုသလို ပြန်ရကြတာပေါ့။ အခုဆို madalayမှာ skywalkကြီးမရှိတော့တဲ့အတွက် လည်ပတ်စရာတစ်ခုလျော့သွားတဲ့အပြင် အခြားဈေးတွေမှာလည်းဆိုင်ခန်းငှားခတွေဈေးတက်သွားတယ်လို့ သိရပါတယ်။
Photobucket
မီးကိုသတိထားကြပါ။။။

ပုသိမ်ထီးလေးကိုအားနာပါတယ်..

အင်း.. မော်ဒယ်လေးကတော့လှလည်းးလှပါရဲ့ .. မြင်သူတကာငေးလောက်ပါတယ်။ ဒါလေမယ့်.. သူဝတ်ထားတဲ့ အင်္ကျီနဲ့ .. ဆောင်းထားတဲ့ထီးက အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလိုပါပဲ။ ၀တ်ထားတာက ဘာအနုပညာ တန်ဖိုးမှမရှိတဲ့ တစ်ပိုင်းပျက် ကြိုးပျောက် နဲ့ ဂျင်းဘောင်းဘီ... ဆောင်းထားတာက မြန်မာ့လက်မှုပညာစစ်စစ်ဖြစ်တဲ့ ပုသိမ်ထီး... ဒါကိုဖက်ရှင်လို့ ဆိုလာရင်တော့.. သရုပ်ပျက်ရုံတင် မကဘူးယဉ်ကျေးမှုပါပျက်ကိန်းကြုံနေပြီလို့ ပြောချင်ပါတယ်။ ကျနော်တို့ ဆီကမော်ဒယ်တွေ နိုင်ငံခြားကိုအတုခိုးတာတော့သိပ်န်ြကြပါတယ်။ နာမည်ကြီးချင်ဇောတွေများနေကြလို့ ထင်ပါရဲ့ ကောင်းမကောင်း ကောင်းမကောင်း သင့်မသင့်လေးတောင်မစဉ်းစားကြတော့ဘူး။ သူတို့ လုပ်သမျှ ကိုသာ သာမန်မိန်းကလေးတွေ လိုက်ပြီးအတုယူကြရင်တော့ မြန်မာ့ယဉ်ကျေးမှုကြီးပျက်စီးမှာမြင်ယောင် မိပါတယ်။ မော်ဒယ်ဆိုတာ လူငယ်တွေအတွက် ကောင်းတာမှာစံပြဖြစ်ရမယ့်အစားမကောင်းတာမှာ စံပြဖြစ်နေကြ တော့...... ပုသိမ်ထီးလေးရေ...အားနာပါတယ်။
Photobucket

Photobucket

ဓါတ်ပုံလေးတွေသာယှဉ်ကြည့်ပါတော့ဗျာ။

Adventure in MIEC Bank of Yangon....

Photobucket


ဒီနေ့ ကျနော် MIEC Bank မှာ အခွန်သွား ဆောင်တယ်။ .. ကပြောချင်ပါဘူးဗျာ... ဘဏ်ချလံလေးတစ်ခု ရဖို့ အရေးကို စောင့်လိုက်ရတာ.. နောက်ဆုံးတော့..အိတ်ထဲက 1000တန်လေးနဲ့ မှပဲအဆင်ပြေသွားတယ်။
နေရာတိုင်းဒါမျိုးဖြစ်နေကြတော့ အရမ်းဆိုးတယ်။ အကျင့်ပျက်မှုတွေ က နေရာတိုင်းမှာလိုပဲ။ဒါမျိုးကို အစိုးရက တင်းတင်းကျပ်ကျပ်ကိုင်တွယ်သင့်နေပါပြီ။ အခုတော့ဘာပဲဖြစ်ဖြစ် ငွေနဲ ငွေနဲ့ ပဖြေရှင်းနေရတော့ သိပ်မဟုတ်သေးဘူး...။ ကျနော်ကတို့ တိုင်းပြည်က လူတွေရဲ့ စိတ်ဓါတ်တွေကိုတော့ပြင်ဖို့ သင့်နေပြီ။