Tuesday, January 20, 2009

G talk မှာဘာသာပြန်နိုင်ဖို့ 

Chatting ထိုင်ကြသူတွေအနေနဲ့ အများဆုံးအသုံးပြုပြီး chat ကြတာGtalk ဖြစ်ပါတယ်.. ။ နိုင်ငံတကာကသူငယ်ချင်းတွေနဲ့ chat ကြတဲ့အခါ ဟိုကတရုတ်လိုပြောလာရင်ကိုယ်ကတရုတ်လို မပြောတတ်တော့ chatting ၀င်ရတာဘာသာစကားအခက်အခဲကြောင့်အဆင်မပြေပဲဖြစ်တဲ့ပါတယ်။ ဒီလိုအခက်အခဲလေးတွေပြေလည်စေဖို့ online translator လေးတွေရှိပါတယ်.. ။ တရုတ်လိုတင်မကပါဘူး ရုရှား၊ ဂျပန်၊ဂျာမန်၊ပြင်သစ်၊အာရဗီ စတဲ့ဘာသာတွေအပါအ၀င်ဘာသာတော်တော်များများကို translate လုပ်ပေးတာရှိပါတယ်... English> Myanmar> English ကတော့ ဂျာနယ်မှာရတယ်လို့ ပြောပေမယ့်လက်တွေ့ မှာမရသေးတာကိုတွေ့ ရပါတယ်..။ ကျန်တဲ့ဘာသာတွေအတွက်ကတော့အဆင်ပြေပါတယ်။ translation လုပ်ဖို့ အတွက်ကတော့ မိမိ G talk မှာ mail address တစ်ခု add လုပ်ပေးဖို့ ပဲလိုပါတယ်။ add and invite လုပ်လိုက်ရင်ပြီးပါပြီ။ တစ်ဖက်က auto accept လုပ်ပေးပါတယ်.. ။
ဥပမာ။ ။ Chinese>English ဆိုရင်.. zh2en@bot.talk.google.com ကို မိမိ G talk မှာ add and invite လုပ်လိုက်ပြီး.. ပုံမှန် chatting ၀င်သလိုပဲစာရိုက်ရပါတယ်... ။ translate က auto လုပ်ပေးတာပါ။
တစ်ခြားဘာသာတွေအတွက်ကတော့......
google search ထဲမှာbot.talk.comအောက်ကtranslation service for gtalk ကိုclickလိုက်ရင်ရပါပြီ။

No comments: